top of page
Search

GLOVEBOX MODEL ( ဖတ်ချိန် ၁၀ မိနစ်)

  • Writer: Talents International Academy
    Talents International Academy
  • Apr 28, 2020
  • 2 min read

Coaching techniques တွေကိုလေ့လာရင်းနဲ့ဒီနေ့တော့ Goal Setting for successful life အကြောင်းလေးဖတ်မိလို့ ဝေမျှချင်ပါတယ် The Focus Coaching Group ရဲ့ ‘ GLOVEBOX” Model လေးအကြောင်းပြောပြချင်တာပါ

GLOVEBOX ဆိုတာ အတိုကောက်တွေပါ G – Goals L- Leverage O- Optimistic V- Vision E- Energy B- Balance O- Opportunities X- X- Ray

Goals လူတိုင်းမှာ အောင်မြင်မှုရဖို့ အတွက် Goal လို့ခေါ်တဲ့ရည်မှန်းချက်ရှိဖို့လိုပါတယ်။ ကြားဖူးကြမှာပါ ပဲ့မပါတဲ့လှေတို့ ဘာတို့ ညာတို့ ။ ဒီလိုပါပဲ ဘ၀မှာ ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက် မရှိရင်လိုရာပန်းတိုင်ကို မရောက်နိုင်တာအမှန်ပါပဲ။ ဒါကြောင့် goal setting ရဲ့ပထမဆုံး လုပ်ရမယ့်အလုပ်ကတော့ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတဲ့ goal တစ်ခုရှိဖို့ပါပဲ။ ထုံးစံအတိုင်း ကိုယ့်ရဲ့ goal ကတော့ SMART ဖြစ်ဖို့လိုမယ်ပေါ့

Leverage ဒီ concept က physics ကလာပါတယ်။ နယူတန်ကြွေးကြော်ခဲ့သလို lever ကောင်းကောင်းသာပေး ကမ္ဘာကြီးကိုတောင်ရွှေ့ပစ်နိုင်သလို leader ကောင်းတစ်ယောက်ရဲ့အရည်အချင်း ကိုယ့်ဘ၀ကိုယ် ဦးဆောင်နိုင်တဲ့ သူတစ်ယောက်ရဲ့အရည်အချင်းဟာလည်း ကိုယ့်မှာရှိတဲ့ resources တွေကိုမောင်းတင်ပေးနိုင်ခြင်းပါပဲ။ Lever မှာ အားစိုက်ထုတ်လိုက်ရတဲ့ effort က ကိုယ်ရွှေ့ရမယ့် load ထက်များမှာ အရွှေ့ ရှိနိုင်မှာပါ။ ဒီလိုပါပဲ ကျွန်တော်တို့မှာရှိနေတဲ့ အချိန်တွေ ငွေတွေ အသိပညာတွေ ကျွမ်းကျင်မှုတွေကလည်း limit ရှိပါတယ်။ ဒီ လို limit ရှိနေတဲ့ အရာတွေကို အသုံးချပြီး productivity ကောင်းအောင်ဘယ်လိုလုပ်မလည်း အားနည်းနည်းစိုက်ထုတ်ပြီး အလုပ်များများတွင်အောင်ဘယ်လိုလုပ်မလည်းအမြဲကြံဆနေဖို့လိုပါတယ်

Optimistic အကောင်းမြင်ပါ။ စိတ်ထားကောင်းခြင်းဟာ အောင်မြင်မှုရဲ့ တံခါးသော့ပါ။ အကောင်းမြင်တိုင်း အရာအားလုံး ပြေလည်သွားမှာမဟုတ်ပေမယ့် ကိုယ့်ဘက်က အကောင်းမြင်ပြီး တုံ့ ပြန်လိုက်ခြင်းဟာ တဖက်လူအတွက်ရော ကိုယ့်အတွက်ပါ အကျိုးဖြစ်ပေါ်စေဖို့ ရာခိုင်နှုန်းများပါတယ်။ Stephen Covey ရဲ့ 90/10 principle လိုပါပဲ ။ ဘ၀မှာကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာတွေမှာ ဘ၀ က ပြုလုပ်တာ ၁၀% ပဲရှိပြီး ၉ ၀ % က ကိုယ်ကတုံ့ပြန်ပုံပေါ်မူတည်ပြီးပြောင်းလဲတာပါတဲ့။ ဒါကြောင့် အကောင်းမြင်ပါ။ ဘ၀ ဆိုတာကိုက အပျက်ဘက်ကိုပဲဥိးတည်အနှုတ်လက္ခဏာများပေမယ့် အကောင်းမြင်ပါ။

Vision ကျွန်တော်အင်တာဗျုးဖြစ်တိုင်းလာဖြေတဲ့လူတွေကိုမေးဖြစ်တဲ့မေးခွန်းက ဒီအလုပ်မှာလုပ်ဖြစ်မယ်ဆိုရင်နောက်ငါးနှစ်မှာ ဘယ်လိုနေရာ တစ်ခုကိုရောက်နေပြီလို့ ထင်သလည်း ဆိုတာပါ။ ဒါဟာ vision ကိုပြောတာပါ။ မြန်မာလိုဆိုရင် မြော်မြင်နိုင်ခြင်း၊ အမြော်အမြင်လို့ပဲဆိုရမလား။ အနာဂတ်တစ်ခုမှာဖြစ်လာနိုင်ခြေတွေကို တွက်ချက်ထားပြီး ဆုံးဖြတ်ချက်ချ အကောင်အထည်ဖော်နိုင်တဲ့လူ တနည်းဆိုမယ်ဆို vision ရှိတဲ့ လူကသာ ဘ၀မှာအောင်မြင်မှုရမယ်လို့ဆိုနိုင်ပါတယ်။

Energy အလုပ်တွေကိုကောင်းကောင်းမွန်မွန်ပြီးပြီးမြောက်မြောက်လုပ်နိုင်ဖို့ Energy လိုပါတယ်။ အလုပ်ကြိုးစားပြီး အလုပ်ရှုပ်နေဖို့ energy လိုပါတယ်။ ကိုယ့် goal ကိုပြီးမြောက်အောင်သွားဖို့ ကိုယ်နေကောင်းနေဖို့လိုပါတယ်။ ဒါကြောင့် အလုပ်တွေလုပ်တာလည်း လုပ်။ ကိုယ့်ဟာကိုယ်လည်း energy ဖြည့်ပါ။ မှန်မှန်စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ရောကိုယ်ပါအနားယူပါ။ ဝါသနာပါတာလုပ်ဖို့ အချိန် ချန်ထားပါ။ ကိုယ့်ရဲ့စိတ် battery ကိုယ် battery ကို အားဖြည့်ပါ။

Balance အပေါ်ကပြောခဲ့သလို energy ပြည့်နေဖို့အတွက် Balance လိုပါတယ်။ ဟန်ချက်ပေါ့။ ဘ၀မှာ out of balance ဖြစ်တဲ့အရာတွေကိုခွင့်ပြုလိုက်မိရင် productivity ကျပါတယ်တဲ့။ ဥပမာ work-life balance။ Balance သာမရှိရင် သင့်ဘ၀မှာ သင်ကြိုးစားထားသမျှအားလုံး မြေကြီးစာပဲဖြစ်သွားပါလိမ့်မယ်တဲ့ ။ ဒါကြောင့် အလယ်အလတ်လမ်းကိုလိုက်ပြီး အရာရာကို ဟန်ချက်ညီအောင် လုပ်ပါတဲ့


နောက်ဆုံးကတော့ X-ray ပါ ထွင်းဖောက်မြင်နိုင်မယ့်လူရှာပါ။ ဓါတ်မှန် X -ray တွေက လူတစ်ကိုယ်လုံးကိုထွင်းဖောက်မြင်နိုင်သလိုမျိုး သင့်ဘ၀မှာ အခက်အခဲတစ်ခုကြုံလာရင် တခြားရှုထောင့်တခုကနေ တွေးတော အကြံပေးနိုင်မယ့် လူကိုရှာထားပါ။ life coach သို့ mentor လို့လည်းခေါ်ကြပါတယ်။ သူတို့နဲ့ စကားပြောပါ။ သူတို့ပေးတဲ့အကြံဥာဏ်ကိုနားထောင်ပါ။ အာ့လိုလုပ်ခြင်းဖြင့် ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ မတူခြားနားတဲ့ ရှုထောင့်ကနေ တွေးတောမိလာပါလိမ့်မယ်တဲ့။

GLOVEBOX ဆိုတာ ကားတွေမှာဆို ရှေ့ခန်းမှာရှိတဲ့ ကားလိုင်စင်တို့ ဘာတို့ ညာတို့ ထည့်တဲ့ အံကိုပြောတာပါ။ ကားတစ်စီးလုံးအတွက် လိုအပ်တဲ့ အထောက်အထားစာရွက်စာတမ်းတွေထည့်ထားပြီး ခရီးသွားရင်လိုသလိုထုတ်သုံးရသလို ဒီ GLOVEBOX modelကလည်း ဘ၀မှာတိုးတက်အောင်မြင်ဖို့အတွက်လိုသလိုအသုံးချနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Dr. Htet Lynn Zaw မှီငြမ်း ၊ Chapter ‘ G’ Goal setting, A focus on Success , Dr. Steve McKee PhD



 
 
 

Comments


+959692592515

©2020 by Talents International Academy. Proudly created with Wix.com

bottom of page